ပညာရေးဝန်ဆောင်မှုများ ပေးအပ်ရာတွင် ကျွန်မရဲ့ ပထမဦးဆုံးခြေလှမ်းအနေနဲ့ ဂုဏ်ယူဖွယ် မှတ်တိုင်တစ်ခုကို မျှဝေခွင့်ရသည့်အတွက် အလွန်ပင်စိတ်လှုပ်ရှားမိပါသည်။ ကုလသမဂ္ဂ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများနှင့် ဒူဘိုင်း၊ ထိုင်း၊ စင်ကာပူနှင့် ဂျပန်တို့မှ ပြည်ပပါဝင်သူ (၃၇) ဦးနှင့်အတူ Level 2 Certificate in Procurement and Supply Operations ၏ ပထမအသုတ်ကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။ မတူညီသောနောက်ခံများမှ ကွဲပြားခြားနားသော ပညာရှင်များကို လမ်းညွှန်ပေးခွင့်ရခြင်းသည် အလွန်ကောင်းမွန်သော အခွင့်အရေးတစ်ခုဖြစ်ပြီး ကျွန်မအပေါ် ယုံကြည်မှုပေးသည့်အတွက် အလွန်ပင်ကျေးဇူးတင်ပါသည်။ ဤအောင်မြင်မှုသည် အကျိုးရှိသော လမ်းကြောင်းတစ်ခု၏ အစပျိုးမှုကို အမှတ်အသားပြုပြီး အနာဂတ်တွင် ပိုမိုသင်ယူသူများကို ဆက်လက်၍ စွမ်းဆောင်နိုင်စေရန်နှင့် လမ်းညွှန်ပေးရန် မျှော်လင့်ပါသည်။
I am thrilled to share a proud milestone in my journey of delivering education services. I have successfully completed the first batch of the Level 2 – Certificate in Procurement and Supply Operations, with 37 attendees from the United Nations (UN), NGOs, commercial industries, and overseas participants from Dubai, Thailand, Singapore, and Japan. It was an incredible opportunity to mentor such diverse professionals from different backgrounds, and I am deeply grateful for the trust placed in me. This achievement marks the beginning of a rewarding path, and I look forward to continuing to empower and guide more learners in the future.
ကျမဒီနေ့ Level 2 Certificate in Procurement and Supply Operations ရဲ့ Second Batch ကို အောင်မြင်စွာပြီးဆုံးခဲ့ပါတယ်။ CIPS Education ကို တက်ရောက်ကြတဲ့ ဒီအတန်းမှာ Dubai, UAE နှင့် မြန်မာနိုင်ငံမှ UN, NGOs, Banking, Telecom, FMCG, Mining နှင့် Retail Sectors များမှ သင်တန်းသား၊ သင်တန်းသူ (၂၆) ဦးအား Completion Certificate များ ပေးအပ်ခဲ့ပါတယ်။
CIPS Education ကို ဒီနှစ် ဇန်နဝါရီလမှ စတင်သင်ကြားခဲ့ပြီး Vocational Professional Certificate ဖြစ်သောကြောင့် CIPS မှ လက်မှတ်ရရှိပါက နိုင်ငံတကာတွင် အလုပ်လျှောက်ထားရာ၌ ပိုမိုအခွင့်အလမ်းများ ရရှိစေပါသည်။
ကျွန်မရဲ့အတန်းထဲမှာ တက်ရောက်သူအချို့က ဗဟုသုတတိုးပွားစေရန် စိတ်ဝင်စား၍ တက်ရောက်ကြသလို၊ အချို့ကလည်း လုပ်ငန်းခွင်တွင် လက်တွေ့လုပ်ကိုင်နေပြီး စာတွေ့ပညာနှင့် ပေါင်းစပ်လေ့လာခြင်းဖြင့် ပိုမိုကောင်းမွန်သော အကြံဉာဏ်များ၊ လုပ်ငန်းကျွမ်းကျင်မှုများ ရရှိနိုင်ကြောင်း သိရှိ၍ တက်ရောက်ခဲ့ကြပါသည်။ ထို့ကြောင့် CIPS Education ၏ အကျိုးကျေးဇူးများကို သိရှိလာသူများ တဖြည်းဖြည်း ပိုမိုများပြားလာပါသည်။
အခုလို အချိန်တိုအတွင်း သင်တန်းသား၊ သင်တန်းသူ (၁၂၀) ခန့်အား ကျွန်မသိရှိထားသော ပညာရပ်များကို ပြန်လည်မျှဝေပြီး Mentor အဖြစ် လမ်းညွှန်ပေးခွင့်ရသည့်အတွက် အလွန်ဂုဏ်ယူမိပါသည်။ အနာဂတ်တွင်လည်း ပိုမိုများပြားသော သင်ယူသူများကို လမ်းညွှန်ပေးနိုင်ရန် ဆက်လက်ကြိုးစားသွားမည်ဖြစ်ပါသည်။
Today, I successfully completed the Second Batch of the Level 2 Certificate in Procurement and Supply Operations. In this CIPS education class, I awarded Completion Certificates to 26 learners from Dubai, UAE and Myanmar, representing the UN, NGOs, Banking, Telecom, FMCG, Mining, and Retail sectors.
CIPS education began this January, and since it is a Vocational Professional Certificate, obtaining certification from CIPS makes it much easier to apply for jobs abroad.
In my class, some learners joined simply out of curiosity and a desire to gain knowledge, while others were already working in the field and wanted to combine practical experience with academic learning. They recognized that integrating both would provide valuable insights and help them perform more effectively in their careers. As a result, more professionals are recognizing the value of CIPS education and choosing to enroll.
Within such a short period, I have had the privilege of mentoring around 120 learners by sharing my knowledge and experience. I am truly proud of this achievement and will continue striving to support and empower even more learners in the future.
ကျမဒီနေ့ Level 3 Advanced Certificate in Procurement and Supply Operations ရဲ့ First Batch ကို အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။ CIPS Education ကို တက်ရောက်ကြတဲ့ ဒီအတန်းမှာ Dubai, Singapore, Japan နှင့် မြန်မာနိုင်ငံမှ UN, NGOs, Telecom Industry, Fintech နှင့် Private Companies များမှ သင်တန်းသား၊ သင်တန်းသူ (၁၇) ဦးအား Completion Certificate များ ပေးအပ်ခဲ့ပါတယ်။
ဒီထက်လည်း ပိုမိုကောင်းမွန်သော Procurement, Logistics and Supply Chain Professionals များ ပေါ်ထွက်လာစေရန် PLSE မှ Procurement, Logistics and Supply Chain Practitioners များအား ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြု CIPS Qualifications များ ရရှိနိုင်ရေးအတွက် အစဉ်အမြဲ ကူညီပံ့ပိုးပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် ပထမဦးဆုံး CIPS Education ကို သင်ကြားခွင့်ရရှိခဲ့ခြင်းအတွက်လည်း အလွန်ဂုဏ်ယူမိပါသည်။
Today, I successfully completed the First Batch of the Level 3 Advanced Certificate in Procurement and Supply Operations. In this CIPS education program, we awarded completion certificates to 17 learners from Dubai, Singapore, Japan, and Myanmar, representing UN agencies, NGOs, the Telecom industry, Fintech, and various private companies.
At PLSE, we continuously support Procurement, Logistics, and Supply Chain practitioners in advancing toward globally recognized CIPS qualifications. I am truly proud to be the first in Myanmar to be authorized to deliver CIPS education.
Level 4 Diploma in Procurement and Supply Operations ကို
19th Sep 2026 တွင် စတင်ဖွင့်လှစ်ပြီး
07th Mar 2027 တွင် ပြီးဆုံးပါမည်။
သင်တန်းအချိန်မှာ စနေနှင့် တနင်္ဂနွေနေ့များတွင်
5:00 PM to 6:30 PM အထိဖြစ်ပြီး
အောက်ပါအကြောင်းအရာများကို သင်ကြားပေးပါမည်။
Registration period: Until end of July 2026
Course Contents:
🎁 Zoom Clip များအား သင်ကြားပြီးသမျှ Material များနှင့်အတူ Record ပြုလုပ်ပေးထားမည်ဖြစ်ပါသည်။ သင်တန်းအမျိုးမျိုးကြောင့် Live Class မတက်ရောက်နိုင်ပါက Record များကို ပြန်လည်လေ့လာနိုင်ပါသည်။
😍 သင်တန်းပြီးဆုံးပါက Completion Certificate များကိုလည်း ထုတ်ပေးသွားမည်ဖြစ်ပါသည်။
🎉 သင်တန်းကြေး: တစ်ဦးလျှင် (၁၀) သိန်းကျပ်
(စာအုပ်ဖိုးအပါအဝင်)
စာမေးပွဲဖြေဆိုလိုပါက Examination Fee ကို
CIPS သို့ သီးခြားပေးသွင်းရမည်ဖြစ်ပါသည်။
🎊 Learning Mode: Zoom Meeting
🌹 Enroll ပြုလုပ်ရန်: 09976791139
(Viber / Whatsapp)
Chartered Institute of Procurement and Supply (CIPS) သည် ကမ္ဘာလုံးဆိုင်ရာအသိအမှတ်ပြု Procurement နှင့် Supply Chain Professional Organization တစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၁၅၀ ကျော်တွင် Members များနှင့် Communities များရှိပါသည်။
CIPS Qualification သည် EU, MENA, Africa, Australia, New Zealand, UK, USA နှင့် Asia နိုင်ငံများအပါအဝင် နိုင်ငံတကာတွင် အသိအမှတ်ပြုထားသော Professional Qualification တစ်ခုဖြစ်ပါသည်။ ယနေ့ခေတ်တွင် နိုင်ငံတကာလုပ်ငန်းများမှ Procurement နှင့် Supply Chain Professionals များကို ရွေးချယ်ရာတွင် CIPS Qualification ရရှိထားသူများကို အလေးထားရွေးချယ်လာကြပါသည်။
မြန်မာနိုင်ငံတွင် ဒေါ်နွယ်နီလွင်သည် CIPS, UK မှ Chartered License ကိုင်ဆောင်ထားသူတစ်ဦးဖြစ်ပြီး UK နိုင်ငံရှိ University of Liverpool မှ MSc (Project Management) နှင့် University of Salford Manchester မှ MSc (Procurement, Logistics and Supply Chain) ဘွဲ့များကို ရရှိထားသူဖြစ်ပါသည်။
Procurement, Logistics နှင့် Supply Chain Management နယ်ပယ်တွင် နှစ်ပေါင်း (၃၀) ကျော် အတွေ့အကြုံရှိပြီး မြန်မာနိုင်ငံနှင့် စင်္ကာပူနိုင်ငံတို့တွင် Mega Projects များကို တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ လက်တွေ့လုပ်ငန်းအတွေ့အကြုံများနှင့် Academic Knowledge များကို ပေါင်းစပ်ကာ Professional Training များကို ဆက်လက်ပို့ချပေးလျက်ရှိပါသည်။